သည်းခြေအိတ် ဖယ်ပြီးရင် ဘာတွေများ သတိထားရမလဲ
သည်းခြေအိတ် ဆိုတာကအသည်းအောက်ဖက်နားမှာ ရှိတဲ့ အိတ်သေးသေးလေးပါ။ ဒီအိတ်ကလေးရဲ့ အဓိက တာဝန်က အသည်းက ထုတ်ပေးတဲ့ သည်းခြေရည်တွေကို သိမ်းဆည်းပေးပြီး အစာခြေဖို့အတွက် သည်းခြေရည်ကို အူသိမ်ဆီကို ပို့ပေးပါတယ်။
အချို့သော အခြေအနေတွေမှာ ဒီအစိတ်အပိုင်းလေးကို ခန္ဓာကိုယ်ကနေ ဖယ်ရှားရတာမျိုး ရှိပါတယ်။ ဒီလို ဖယ်ရှားလိုက်ပြီးတဲ့အခါမှာလည်း ပုံမှန်အတိုင်း ကျန်းမာစေဖို့ သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
- အစားတွေကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေ များများလေး စားပေးပါ - အစားစားတဲ့အခါ သည်းခြေအိတ် မရှိတော့တဲ့အတွက် တစ်ထိုင်တည်း အဝစားတာမျိုး မလုပ်ဘဲ နည်းနည်းချင်းစီနဲ့ အကြိမ်ရေ များများ စားပါ။ တစ်နေ့ကို အဝ ၃ နပ် စားမယ့် အစား ၄ - ၅ ကြိမ်လောက် ခွဲစားပေးပါ။ အစားအစာတွေကို စားတဲ့အချိန်မှာလည်း အသား၊ ငါးတွေနဲ့အတူ အသီးအရွက်တွေကို ပါဝင်အောင် စားပေးဖို့ မမေ့ပါနဲ့။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ပူစပ်တာတွေကို ရှောင်ပါ။
- အဆီများတာတွေကို ရှောင်ပါ - အဆီများတဲ့ အစားအစာတွေက လေပွတာ၊ ဝမ်းပျက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆီပါဝင်မှု များတဲ့ ပီဇာတွေ၊ အာလူးချောင်းကြော်လိုမျိုး စားစရာတွေကို မစားပါနဲ့။ အဆီကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။
- အမျှင်ဓာတ် ကြွယ်ဝအောင် စားပါ - အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ အသီးအရွက်တွေကို စားပေးတာက အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေသလို ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သည်းခြေအိတ် ဖယ်ပြီးချိန်မှာ အမျှင်ဓာတ် ကြွယ်ဝတာကို စားပေးဖို့ မမေ့ပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ - ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ သည်းခြေအိတ် ဖယ်ပြီးချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးတာက သည်းခြေအိတ် ထုတ်ပြီးချိန်မှာတောင် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
- အိပ်ရေး ဝဝအိပ်ပါ - ညဘက် အိပ်ရေးဝဝ အိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သည်းခြေအိတ် ဖယ်ပြီးချိန်မှာ ကျန်းမာစေဖို့အတွက် ပုံမှန် အိပ်စက်ချိန်လေး ထားရှိပေးပါ။
- ဆေးလိပ်ဖြတ်ပါ - ဆေးလိပ် သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို သည်းခြေအိတ် ဖယ်ပြီးချိန်မှာ ကျန်းမာရေးကို ပိုလို့ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သည်းခြေအိတ် ဖယ်ပြီးချိန်မှာ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှ ရှောင်ပေးပါ။
- ကျန်းမာရေးနဲ့ မညီတာတွေကို မစားပါနဲ့ - သည်းခြေအိတ် ဖယ်ပြီးချိန်မှာ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့အတွက် ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေဖြစ်တဲ့ အချိုကဲတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အသင့်စား အမြန်စား အစားအစာတွေလိုမျိုး ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို မစားပါနဲ့။
- စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ပေးပါ - သည်းခြေအိတ် ဖယ်ပြီးချိန်မှာ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုသလို စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့လည်း လိုပါမယ်။ ဒါကြောင့် သည်းခြေအိတ် ဖယ်ပြီးချိန်မှာ တတ်နိုင်သမျှ စိတ်ဖိစီးမှုတွေကို ကင်းစေဖို့ ဂရုစိုက်ပါ။ တရားထိုင်တာ၊ ယောဂ လေ့ကျင့်တာလိုမျိုး လုပ်ပေးပါ။
အခုပြောပြပေးခဲ့တဲ့ အချက်လေးတွေကို သေချာလေး လိုက်နာပေးမယ်ဆိုရင်တော့ သည်းခြေအိတ် ဖယ်ပြီးချိန်မှာ ကျန်းမာစေပြီး နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်မှာပါ။ ဒါကြောင့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူရင်း သည်းခြေအိတ် ဖယ်ပြီးချိန်မှာ ကျန်းမာစေမယ့် အလေ့အထလေးတွေကို သေချာလေး လိုက်နာပေးဖို့ အကြံပြုပါရစေ။
မွန်မွန်